# Use Youtube player (with Youtube AD) #<<<>>> # Use our player (Downlaod, Unblock & No Youtube AD) 再生できないときはここをクリック click here if failed to load 如无法播放请点击这里#

INFO:
နဂါးနီစစ်ကြောင်း P-29903 က ကျဆုံး ရဲဘော် ၅ ယောက်ကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အသိ ပေး ထုတ်ပြန်လာပါတယ်။တပ်ခွဲ ၁ ဒုတပ်ခွဲမှူး လင်းနိုင်ဌေး ( CDM တပ်ကြပ်ကြီး (စာရေး) )၊တပ်ခွဲ ၂ က အရာခံဗိုလ် ရန်နိုင်လေး (ခ) ကြက်ဖတို့ဟာ အနန်းကွင်းစခန်း တိုက်ပွဲမှာကျဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။ တပ်ခွဲ ၂ မှ ရဲဘော် စိုင်းကို နဲ့ တပ်ခွဲ ၁ မှ ရဲဘော် လွန်းကြီးတို့ကလည်း အနန်းကွင်းစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။ တပ်ခွဲ ၁ မှ တပ်စုမှူး သူရနောင်(ခ)အရိုးကတော့ ကျောက်ကြီးမြို့နယ် နောင်ကုန်းကျေးရွာ တိုက်ပွဲ မှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရဲဘော်တွေကကျဆုံးမှုကို စစ်ရေးအခြေအနေအရ မထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခုအခါ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ဖော်ပြထားတာဖြစ်ပါ တယ်။
နဂါးနီစစ်ကြောင်း P-29903 က  ကျဆုံး ရဲဘော်၅ ယောက်ကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်းထုတ်ပြန်